မြိတ်မြို့နယ်ရဲတပ်ဖွဲ့ဝင်(၁၆၀)ဦးအား အခြေခံစားသောက်ကုန်(၄)မျိုး ဂုဏ်ပြုထောက်ပံ့

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် နယ်မြေဒေသလုံခြုံရေးနှင့် တရားဉပဒေစိုးမိုးရေးလုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများကို ကူညီဆောင်ရွက်လျက်ရှိသည့် မြို့နယ် ရဲတပ်ဖွဲ့ဝင်များအား အခြေခံစာသောက်ကုန်(၄)မျိုးကို မြိတ်ဒေသ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြုကော်မတီမှ မြို့နယ်ရဲတပ်ဖွဲ့ဓမ္မာရုံတွင် မေလ(၁၇)ရက် နံနက်(၉)နာရီက ဂုဏ်ပြုထောက်ပံ့ပေးအပ်ခဲ့
ချောက်ဘုရားလှ အမြဲတမ်းပျိုးဉယျာဉ်တွင် ပျိုးပင် ၉၆၇၁၈ ကျော် အဆင်သင့် ပျိုးထောင်ထားရှိ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာနမှ ယခုနှစ် မိုးရာသီတွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့် အပူဒဏ်ကာကွယ်ရေးအတွက် သစ်ပင်များ စိုက်ပျိုးနိုင်ရန် အမှတ်(၁)နယ်မြေ၊ သာယာဝတီရပ်ရှိ ချောက်ဘုရားလှ အမြဲတမ်းပျိုးဉယျာဉ်တွင် ပျိုးပင် ပေါင်း ၉၆၇၁၈ ကျော် အဆင်သင့် စိုက်ပျိုးထားရှိကြောင်း သိရ
ရန်ကုန်တောင်ပိုင်းခရိုင် ဒလမြို့နယ်ရှိ လယ်ယာမြေဧက(၂၀ဝ၀)ကျော် ရေကြီးရေလျံမှုမှ ကာကွယ် ပေးနိုင်မည့်  ခနောင်ရေထိန်းတံခါး
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ဒလမြို့နယ်ရှိ ဒေသခံတောင်သူဦးကြီးများ၏ လယ်ယာမြေ ဧက(၂၀ဝ၀) ကျော်ကို ရေကြီးရေလျှံမှုမှ ကာကွယ်ပေးနိုင်ရန်နှင့် အဆိုပါရေတံခါး၌ မိုးနှောင်းကာလတွင် ကွင်း အတွင်းမှ ပိုလျှံရေများကို သိုလှောင်မှုဖြင့် နွေစပါးသီးနှံ စိုက်ပျိုးရရှိရေးအတွက် အထောက်အကူ ပြုမည့် ခနောင် ရေထိန်းတံခါးကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေ (ငွေလုံးငွေရင်း) ကျပ်သိန်း(၆၅၀ဝ)ဖြင့် တည်ဆောက်လျက်ရှိရာ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊  ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ သိရှိရ
ချို့တဲ့အိမ်ထောင်စု (၅၀) အတွက် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နီ ဒါနပြု လိုက်လံပေးဝေလှူဒါန်း
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့ရှိ မြတ်ဒါန အောက်ဆီဂျင်အခမဲ့နှင့် လူမှုကူညီရေးအသင်း က ဉီးဆောင်၍ အလှူရှင်များနှင့် ပူးပေါင်းကာ ယမန်နေ့ ညနေပိုင်းက ညောင်ဦးမြို့ရှိ ချို့တဲ့အိမ်ထောင်စု (၅၀) အတွက် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နီ တို့ကို ဒါနပြု လိုက်လံလှူဒါန်းပေးခဲ့ကြောင်း သိရ
စေတနာရှင်များစုပေါင်း၍ ချို့တဲ့ပြည်သူ(၁၈၂)ဦးအား ဆန်၊ ဆီ၊ အခြားစားသုံးကုန် ပစ္စည်းများနှင့် နှာခေါင်းစည်းများ လှူဒါန်း
မကွေးတိုင်းဒေသကြီး အောင်လံမြို့တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်ကျန်းမာ ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် စေတနာရှင်ပြည်သူများ စုပေါင်း၍ မြို့ပေါ်ရှိ ချို့တဲ့ပြည်သူ(၁၈၂)ဦးအား ဆန်၊ ဆီ၊ အခြားစားသုံးကုန်ပစ္စည်းများနှင့် နှာခေါင်းစည်းများ လှူဒါန်းခြင်းကို မေလ(၁၇)ရက်နေ့ နံနက်(၈)နာရီခွဲက ဇေယျဝတီရပ်ကွက် ပြည်လမ်း ဂန္တဝင်သစ် ကားဂိတ်ရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရ
ဧရာဝတီ တိုင်းဒေသကြီး အတွင်းပြေးဆွဲနေသောမော်တော်ယာဉ်လိုင်များ စတင်ပြေးဆွဲ
ဧရာဝတီ တိုင်းဒေသကြီး အတွင်းပြေဆွဲနေသော မော်ယာဉ်လိုင်းများအားလုံးကို ကိုဗစ် -၁၉ ရောဂါကူးစက်မှု အန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မေလ ၁၅ ရက်နေ့အထိ ယာယီရပ်နား ခဲ့ရ
ဖွံ့ဖြိုးဝေစည် တို့ရှမ်းပြည်