တောင်သူများ တစ်ပိုင်တစ်နိုင် စိုက်ပျိုးနိုင်ရေးအတွက် အိမ်တိုင်ရာရောက် မျိုးစေ့များ ဖြန့်ဝေ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများ မိမိတို့ အိမ်ခြံအတွင်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးစားသောက်နိုင်ရေးအတွက် မျိုးစေ့များ ဖြန့်ဝေခြင်းကို မေ (၁၆) ရက် နံနက်ပိုင်း စတင်ကာ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက အိမ်တိုင်ရာရောက် လိုက်လံ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပြင်ဦးလွင်မြို့ ရွှေစင်မင်း ပရဟိတသီလရှင်ကျောင်းသို့  အလှူရှင်များ စတင်လှူဒါန်း
ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ဖြစ်ပွားနေသည့်ကာလအတွင်း အသွားအလာ ကန့်သတ်ထားခြင်း၊ အဝင်အထွက် ပိတ်ပင်ထားခြင်း များကြောင့် ပြင်ဦးလွင်မြို့ရှိ  ရွှေစင်မင်း ပရဟိတ သီလရှင်စာသင်ကျောင်းသို့ နေ့စဉ်အလှူရှင်များ လာရောက်လှူဒန်းခြင်း မရှိဘဲ  နှစ်လနီးပါးမျှကြာမြင့်ခဲ့ပြီး ယခုအချိန်တွင် အလှူရှင်များ စတင်လှူဒါန်းလာကြပြီဖြစ်ကြောင်း တိုက်အုပ်ဆရာကြီး၏ ပြောပြချက်အရ  သိရသည်။
မူဆယ်မြို့နယ်၌ ကိုဗစ်ရောဂါနှင့် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ပိုးသတ်ဆေးပက်ဖျန်း
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့နယ်တွင် ယနေ့ ညနေပိုင်းတွင် မြန်မာ-တရုတ် ချစ်ကြည်ရေး မူဆယ်ရုံးခွဲနှင့် (၁၀၅)မိုင် ကြက်ခြေနီအဖွဲ့တို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါနှင့် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ် နိုင်ရန် ပိုးသတ်ဆေးများ ပက်ဖျန်းခဲ့ကြသည်။
စိုင်မြစ်ကျေးရွာရှိ မီးဘေးသင့်ပြည်သူများအား IBEC အနာဂတ်ရောင်ခြည်အသင်းက ဆန်များလှူဒါန်း
မန္တလေးတိုင်းဒေသကြီး မြင်းမူမြို့နယ် စိုင်မြစ်ကျေးရွာရှိ မီးဘေးသင့် ကျေးရွာသူ ကျေးသားများအား စားဝတ်နေရေး အဆင်ပြေစေရန်အတွက် ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ စသည့် စားသောက်ဖွယ်ရာများကို စစ်ကိုင်းမြို့ အနာဂတ်ရောင်ခြည် IBEC အသင်းမှ ယနေ့တွင် လာရောက်လှူဒါန်းသွားကြောင်း သိရသည်။
ငါ့သရောက်နယ်တွင် မိုးကြိုကြဲစိုက်ပျိုးသည့် မြေပဲနှင့် နှမ်းများ နောက်မိုးမရွာခြင်းကြောင့် ပျက်စီး
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ငါ့သရောက်မြို့နယ်ရှိ ကျေးလက်တောင်သူများ မိုးကြိုအဖြစ် မြေပဲနှင့် နှမ်းများ ကြဲပက်စိုက်ပျိုးထားရာ မိုးမရွာသေးခြင်းကြောင့် အပင်ပေါက်ပြီးသား မြေပဲပင်ပေါက်များ ပျက်စီးခြင်းနှင့် နှမ်းများမပေါက်ခြင်း၊ ပေါက်ပြီးသားနှမ်းများ အပင်သေကုန်ကြောင်း ငါ့သရောက်မြို့ ကျေးလက်တောင်သူမျာထံမှ သိရသည်။
ချင်းရွှေဟော်မှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ လွှဲပြောင်းပို့ဆောင်မည့် နေရပ်ပြန် ပြည်သူများအား နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေ
ချင်းရွှေဟော်  နှစ်နိုင်ငံနယ်စပ်ဂိတ်မှ ဝင်ရောက်လာသော  တရုတ်နိုင်ငံမှပြန်လာသည့်   မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများကို ကျန်းမာရေးစစ်ဆေးပေးပြီး ချင်းရွှေဟော်မြို့မှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ ယနေ့ နံနက် (၁၀) နာရီခွဲက အမျိုးသား (၁၉၃) ဉီး နှင့်  အမျိုးသမီး (၁၆၆) ဉီး၊  စုစုပေါင်းနေရပ်ပြန်ပြည်သူ (၃၅၉) ဉီး တို့အား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်နိုင်ရန်အတွက် ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီ ဉက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဉီးသက်ဉီးပိုင်နှင့် ကော်မတီအဖွဲ့ဝင်များမှ နှာခေါင်းစည်း (Mask) များကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ဟိုင်းကြီးကျွန်းမြို့တွင် နေအိမ်ပြင်ပသို့ သွားလာပါက နှာခေါင်းစည်းများ တပ်ဆင်ကြရန် အသိပညာပေး 
ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့တွင် အပြင်ထွက်သည့် အခါတိုင်း Mask များ တပ်ဆင်သွားလာကြစေရန် နှိုးဆော်ခြင်းကို ဆောင်ရွက်လျက်ရှိသည်။