မြိတ်မြို့ ဈေးတန်းရပ်ကွက်ရှိ အခြေခံလူတန်းစား အိမ်ထောင်စု (၂၂၀) အား အခြေခံ စားသောက်ကုန်များ လှူဒါန်းထောက်ပံ့

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ဈေးတန်းရပ်ကွက် သဟာရလမ်းတွင် အလှူရှင်(၃)ဦးမှ ရပ်ကွက် အတွင်းရှိ  အခြေခံလူတန်းစား အိမ်ထောင်စု(၂၂၀)အား အခြေခံစားသောက်ကုန်များကို မေလ(၂၉)ရက် နံနက်ပိုင်း က စနစ်တကျ လှူဒါန်း ထောက်ပံ့ပေးခဲ့ကြသည်။
ပြန်/ဆက်ဝန်ထမ်း(၁၀ဝ)ဦးအား ပထမအကြိမ် ဗွီဒီယိုသတင်းများ ရယူပေးပို့/ တင်ဆက်ခြင်း သင်တန်း အွန်လိုင်းမှတစ်ဆင့် သင်ကြားပေးမှုပြီးစီး
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကြီးမှူး၍ တိုင်းနှင့် ပြည်နယ်/ခရိုင် /မြို့နယ်အသီးသီးမှ ဓာတ်ပုံဝန်ထမ်းပေါင်း (၁၀ဝ)ဦးအား Mobile ဖုန်းဖြင့် ပိုမိုကောင်း မွန်သော ဗွီဒီယိုသတင်းများ ရယူပေးပို့ခြင်း၊ ဗွီဒီယိုသတင်းတင်ဆက်ခြင်းကို ဝန်ထမ်းများအားလုံးက  လက်တွေ့ဆောင်ရွက်နိုင်စေရန်အတွက် (ပထမ)အကြိမ်  Public Speaking  For News Reporters  အွန်လိုင်းသင်တန်းကို (မေလ၅ရက်မှ၂၈ရက်)အထိ ရက်သတ္တပတ်(၄)ပတ်အတွင်း အပတ်စဉ် အင်္ဂါ နေ့နှင့်ကြာသပတေးနေ့ ည၇နာရီခွဲမှ၉နာရီခွဲအထိ  သင်တန်းဆရာမ ဒေါ်စိမ့်ရည်ထက်က  ပို့ချသင်ကြားပေးမှုများ မေလ ၂၈ရက်နေ့ညတွင် ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရှိရ
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊စဉ့်ကိုင်မြို့နယ်တွင်ဟိုတယ်၊မိုတယ်တည်းခိုခန်းများ စတိုးဆိုင်များ ဖွင့်လှစ်ထားရှိမှုအားကြည့်ရှုစစ်ဆေး         
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအနေဖြင့် ဟိုတယ်၊  မိုတယ်တည်းခိုခန်းများ၊  စတိုးဆိုင်များ၊အရောင်းဆိုင်များ၊စားသောက်ဆိုင်များ၊ ပြန်လည်ဖွင့်လှစ်ခွင့်ပြုရာတွင်   သတ်မှတ်ထားသည့်စည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်မှုရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အဝေးထိန်းစက်ရုပ် မီးသတ်ယာဉ်ဖြင့် မီးငြှိမ်းသတ် စွမ်းရည်သရုပ်ပြနေမှုကို ကြည့်ရှုစစ်ဆေး
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့် ၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး မုခ်ဦးရှေ့၌ ယနေ့ နံနက်ပိုင်းက မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၏ အဝေးထိန်းစက်ရုပ်မီးသတ်ယာဉ်ဖြင့် မီးငြှိမ်းသတ် စွမ်းရည် သရုပ်ပြနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြ
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို ဇွန်လ ၁ ရက်နေ့တွင် စတင် ဆောင်ရွက်မည်
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မြို့နယ်အတွင်းရှိ ကလေး သူငယ် များအား ပုံမှန်ကာကွယ်ဆေးထိုးပေးခြင်း လုပ်ငန်းများကို ဇွန်လ ၁ ရက်နေ့မှ စတင်ထိုးနှံ တိုက်ကျွေး ပေးသွားမည်ဖြစ်ကြောင်း သိရှိရ
မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၂ ရွာမှ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများပေးအပ်
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် မေလ ၂၇ ရက်နေ့က မိုးသက်လေပြင်းတိုက်ခတ်မှုများကြောင့် ပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့သော လေဘေး သင့်ပြည်သူများထံသို့ ယမန်နေ့ မွန်းလွဲပိုင်းက ထောက်ပံ့ငွေများနှင့် ကယ်ဆယ်ရေး ပစ္စည်းများကို လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာနမှ သိရှိရသည်။
စေတုတ္တရာမြို့နယ် တန့်လည်ကျင်းကျေးရွာတွင် စာကြည့်တိုက်တည်ဆောက်
မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ် တန့်လည်ကျင်းကျေးရွာတွင် ဒေသခံပြည်သူများ စာပေကဏ္ဍဖွံ့ဖြိုး စေရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းရန်ပုံငွေနှင့် ပြည်သူ ထည့်ဝင်ငွေများဖြင့်  ကျေးရွာစာကြည့်တိုက် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ ၅၀ ရာခိုင်နှုန်း ဆောင်ရွက် ပြီးစီးပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရ