မိုင်းဖြတ်၌ အစားထိုးသီးနှံ နှစ်ချင်းသီးနှံမျိုးစေ့နှင့် သွင်းအားစုများ ပေးအပ်ပွဲကျင်းပ
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ အစားထိုးသီးနှံနှစ်ချင်း သီးနှံမျိုးစေ့နှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို မေလ ၂၉ရက် မွန်းတည့် ၁၂ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။







