ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဇနီးတို့ နေပြည်တော်တွင် ကြိုတင်ဆန္ဒမဲပေး
ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဇနီးတို့သည် အောက်တိုဘာ ၃၀ ရက် မနက် ၈ နာရီက နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဇေယျသိဒ္ဓိရပ်ကွက်၊ မြို့မစျေးရှေ့ ဓမ္မာရုံ မဲရုံ၌ ကြိုတင်ဆန္ဒမဲ လာရောက်ပေးကြောင်း သိရသည်။








