ဒလမြို့နယ်၌ ပြည်သူမှ ပြည်သူသို့ မျှဝေခြင်းအဖွဲ့မှ အိမ်ထောင်စု ၃၀၀ အား အခြေခံစားသောက်ကုန်များ လှူဒါန်း
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသော ကာလအတွင်း စားသောက်ရေး အခက်အခဲရှိသော အခြေခံလက်လုပ်လက်စား အိမ်ထောင်စု ၃၀၀ အတွက် အခြေခံစားသောက်ကုန်များကို ယမန်နေ့က ရန်ကုန်မြို့ရှိ ပြည်သူမှ ပြည်သူသို့ မျှဝေခြင်းအဖွဲ့မှ လာရောက် ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။







