၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ၊ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ၊ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီက ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး နေပြည်တော်တွင် ကျင်းပခဲ့သည်။
ခရမ်းမြို့နယ်တွင် မဲရုံများပြင်ဆင်ပြီးစီးမှုနှင့် ဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေး
ရန်ကုန်တောင်ပိုင်းခရိုင် ခရမ်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံများ ပြင်ဆင်ဆောင်ရွက်မှုနှင့် ပြီးစီးမှုများကို ယနေ့ နံနက် ၁၁ နာရီက ရန်ကုန်တောင်ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များက.....
ကျောက်ကြီးမြို့နယ်၌ ယာယီမဲရုံ နှစ်ရုံ ဆောက်လုပ်ပြီးစီးမှု အခြေအနေနှင့် မဲရုံများ ကြိုတင်ပြင်ဆင်ထားရှိမှုအား မြို့နယ်တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၌ ယနေ့ မွန်းလွဲ ၂ နာရီတွင် မဲရုံ နှစ်ရုံ ဆောက်လုပ်ပြီးစီမှု အခြေအနေနှင့် ၂၀၂၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံများ ကြိုတင်ပြင်ဆင်ထားရှိမှုအား မြို့နယ်တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း.....
စေတုတ္တရာမြို့နယ်အတွင်းရှိ မဲရုံများပြင်ဆင်ထားရှိမှုအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး
မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ခွဲဝင်များသည် ယနေ့ နံနက်ပိုင်းက  နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ပြည်သူများဘေးကင်းလုံခြုံစွာ မဲပေးနိုင်ရေးအတွက်.....
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် The 3rd China International Import Expo (CIIE)-2020 နှင့် Hongqiao International Economic Forum အွန်လိုင်းဖွင့်ပွဲသို့ တက်ရောက်
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်ဟိုင်းမြို့၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၅ ရက်မှ ၁၀ ရက်အထိ ကျင်းပနေသည့် “တတိယအကြိမ် နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲ - The 3rd China International Import Expo (CIIE)-2020” နှင့် Hongqiao International Economic Forum ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၆ နာရီခွဲက hybrid ပုံစံဖြင့်ကျင်းပရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် အွန်လိုင်းမှ ပါဝင်တက်ရောက်သည်။
လယ်ယာထုတ်ကုန် စီမံခန့်ခွဲ့ရေးအဖွဲ့ ညှိနှိုင်းအစည်းအဝေးကျင်းပ 
လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့ ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီက စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Zoom Application ဖြင့် ကျင်းပသည်။
ကျောင်းတွင်း ဆိုက်ဘာခြိမ်းခြောက်မှုများ၊ အကြမ်းဖက်မှုများနှင့် အနိုင်ကျင့်မှုများ ဆန့်ကျင်တိုက်ဖျက်ရေး အပြည်ပြည်ဆိုင်ရာနေ့ အခမ်းအနားကျင်းပ
ကျောင်းတွင်းဆိုက်ဘာခြိမ်းခြောက်မှုများ၊ အကြမ်းဖက်မှုများနှင့် အနိုင်ကျင့်မှုများ ဆန့်ကျင်တိုက်ဖျက်ရေး အပြည်ပြည်ဆိုင်ရာနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။