ရေစကြိုမြို့နယ်တွင် မိုးသက်လေပြင်း ကျရောက်ခဲ့သဖြင့် လူနေအိမ် ၂၀၀ ကျော် လေဘေးသင့်
ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် နိုဝင်ဘာ ၄ ရက် ညနေက မိုးသက်လေပြင်း ကျရောက်ခဲ့သောကြောင့် လူနေအိမ် ၂၀၀ ကျော်ခန့် လေဘေးသင့်ပျက်စီးခဲ့ပြီး လူနေအိမ်တချို့ သစ်ပင်ပိခဲ့ကြောင်းနှင့် သစ်ပင်ကြီးတချို့ ပြိုလဲကာ ကားလမ်းပိတ်ဆို့ခြင်းများ ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။








