ရန်ကုန်မြစ်၏ မြစ်ကမ်းထိန်းနံရံသုံးခု တည်ဆောက်မှုပြီးစီး၍ ခရီးသွားများအဆင်ပြေ

ရန်ကုန်ဆိပ်ကမ်းဖြစ်သော စဉ့်အိုးတန်းဆိပ်ကမ်း၊ ဆိပ်ကြီးခနောင်တိုနှင့် တွံတေးမြို့နယ်ရှိ ဘိုးပိုင်အခြေပြု မြစ်ကမ်းထိန်းနံရံသုံးခုကို တည်ဆောက်ပြီးစီးခဲ့ရာ ကမ်းပြိုကမ်းလျော ကာကွယ်မှုနှင့်အတူ စက်သမ္ဗန်စီးခရီးသွားများ ဆိပ်ကမ်း အတက်၊ အဆင်း သွားလာရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ပွင့်ဖြူမြို့နယ် ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့ရသည့် အိမ်ထောင်စုဝင်များအား ဆန်၊ ဆီ၊ ကြက်ဉများ ထောက်ပံ့လှူဒါန်း
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပေါက်ကုန်းကျေးရွာအုပ်စု၊ ကံလှကျေးရွာ၊ ကျောင်းစုကျေးရွာနှင့် ဇီးကျွန်းကျေးရွာတို့တွင် ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်များ ဘေးလွတ်ရာသို့ ပြောင်းရွှေ့လျက်ရှိရာ
ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)မှ ကျောင်းသားကျောင်းသူများအား တီထွင်ပြုလုပ်ထားသော အပူချိန်တိုင်းကင်မရာကို ပြည်သူ့ဆေးရုံကြီးသို့ တပ်ဆင်လှူဒါန်းပေးအပ်
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာမေဖြိုးဦးက ဦးဆောင်ကြီးကြပ်၍ ကျောင်းသားကျောင်းသူများတို့သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် စောင့်ကြည့်စစ်ဆေးနိုင်စေရန် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုသော ဈေးနှုန်းသက်သာသည့် အပူချိန်တိုင်းကင်မရာကို
ဆိပ်ဖြူမြို့နယ် ချောင်းမကြီးကျေးရွာထွက် ဂန္ဓမာပန်း ယခင်နှစ်ထက် ဈေးနှုန်းပိုရရှိ
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ချောင်းမကြီးကျေးရွာမှ ဂန္ဓမာပန်းကိုယ်တိုင်စိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်း၍ ယခင်နှစ်ထက် ဂန္ဓမာပန်း ဈေးပိုမိုရရှိကြောင်း သိရှိရသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းတို့ ပူးပေါင်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းတို့ ပူးပေါင်းကျင်းပသော လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
နိုင်ငံတကာအဆင့်မီ မန္တလေးဓာတ်ခွဲခန်းသစ် စတင်အသုံးပြု
မန္တလေးမြို့တွင် နိုင်ငံတကာအဆင့်မီ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (Public Health Laboratory - Mandalay) အဆောက်အဦးသစ် တည်ဆောက်ပြီးစီးပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာသန်းသန်းမြင့် ထံက သိရသည်။