မန္တလေးနန်းမြို့ရိုးမှာ စိတ်ဝင်စားဖွယ်ရာဖြစ်ပြီး နန်းမြို့ရိုးတစ်ဘက်စီတွင် တံခါးသုံးရပ်စီရှိကာ အမည်အသီးသီးကို အဓိပ္ပါယ်အသီးသီးဖြင့် မှည့်ခေါ်ထားသည်။ တံခါးအမည်များကို တံခါးပေါက်တစ်ခု၏ အဝင် လက်ဝဲအထွက် လက်ယာကျသော မီးကာ အုတ်တံတိုင်းကြီးများအနီးတွင် အုတ်ပလ္လင်သုံးဆင့်ခံကာ မော်ကွန်းစိုက်ထူထားသည်။