ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ငလိုက်စခန်းသာ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းနှင့် သစ်တောစိုက်ခင်းများ စစ်ဆေး
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ယနေ့နံနက်ပိုင်းတွင် မြန်မာ့သစ်လုပ်ငန်းက နေပြည်တော် ပြည်ထောင်စုနယ်မြေ ဥတ္တရသီရိမြို့နယ် ငလိုက်စခန်းသာ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်း၌ ဆောင်ရွက်လျက်ရှိသည့် တောတွင်းဖြတ်လျှောက် လမ်း၊ ကမ်းခြေလျှောက်လမ်း၊ ရေပေါ်ဗောတံတား တည်ဆောက်နေမှုလုပ်ငန်းအား ကြည့်ရှုစစ်ဆေးသည်။







