မိတ္ထီလာမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်း ၂၃ ကျောင်းအနက် အန္တရာယ်ရှိသော ကျောင်းဆောင်များ ဖျက်သိမ်းပြီး ကျောင်းဆောင်သစ်များ ဆောက်လုပ်သွားမည်

မိတ္ထီလာမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်း (၂၃)ကျောင်းတို့မှ အန္တရာယ်ရှိသော ကျောင်းဆောင်များ ဖျက်သိမ်းပြီး ကျောင်းဆောင်သစ်များ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။