နွေဈေးကွက်အတွက် ပန်းမုန်လာစိမ်းများ တွင်ကျယ်စွာ စိုက်ပျိုး

တောင်သူများမှာ လက်ရှိကာလတွင် ဈေးကွက်ကို ခန့်မှန်းကာ စိုက်ပျိုးသီးနှံကို ရွေးချယ် စိုက်ပျိုးကြပြီး နွေဦးဈေးကွက်အတွက် ဈေးကွက်ကောင်းမွန်သည့် ပန်းမုန်လာစိမ်းများကို တွင်ကျယ်စွာ စိုက်ပျိုးလျက်ရှိသည်။
မြန်မာ-တရုတ်ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲကျင်းပ
မြန်မာ-တရုတ် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲကို ဒီဇင်ဘာ ၂ ရက် နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည်။
မက်မန်းမြို့၌ ပြည်သူများ နှာခေါင်းစည်း ဝတ်ဆင်သွားလာရေး ကမ်ပိန်းပြုလုပ်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မက်မန်းမြို့တွင် စျေးရောင်း/စျေးဝယ်များ ခရီးသွားပြည်သူများ၊ နေအိမ်ပြင်ပ ထွက်ခွာပါက နှာခေါင်းစည်း စနစ်တကျဝတ်ဆင်သွားလာရေး ကမ်ပိန်းဆောင်ရွက်ခြင်းကို .....
ချင်းရွှေဟော်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းရွှေဟော်မြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၂ ရက် နံနက် ၇ နာရီခွဲမှ စတင်၍ ပြည်ထောင်စုလမ်းမကြီးတွင် စစ်ဆေးရေးဂိတ်ထားရှိပြီး ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းကို ဆောင်ရွက်ကြသည်။
သောက်သုံးရေ အခက်ကြုံနေသည့် ကျေးလက်နေပြည်သူများအား သောက်သုံးရေများ လှူဒါန်း
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ တောင်ဇင်းကျေးရွာအုပ်စု၊ ကွမ်းကြီးတဲတိုက်တွင် ဒေသခံကျေးလက်နေ ပြည်သူများ သောက်သုံးရေ အခက်ကြုံတွေ့နေသဖြင့် ဒီဇင်ဘာ ၂ ရက် နံနက်ပိုင်းက ညောင်ဦးမြို့နယ် လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်ဦးနှင့် ဝန်ထမ်းများအဖွဲ့က သောက်သုံးရေများ သွားရောက်လှူဒါန်းခဲ့သည်။ 
ရန်ကုန်၌ ကိုဗစ်-၁၉ ထိန်းချုပ် ကာကွယ်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်နေသော စေတနာမွန် လူမှုကူညီရေးအသင်းမှ စေတနာ့ဝန်ထမ်းများ နောင်ချိုသို့ ပြန်လည်ရောက်ရှိ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် စေတနာမွန် လူမှုကူညီရေးအသင်းမှ စေတနာ့ဝန်ထမ်းများသည် ရန်ကုန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများတွင် ကူညီ ဆောင်ရွက်ပေးလျက်ရှိရာ နောင်ချိုမြို့နယ် ခြေမြစ်ပင်ကျန်းမာရေး စစ်ဆေးရေးစခန်းတွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအနက် ပိုးတွေ့လူနာများ များပြားလာပြီး မြို့နယ် အတွင်း၌လည်း ပိုးတွေ့လူနာများ ရှိလာသည့်အတွက် အသင်းအနေဖြင့် ပါဝင်ကူညီနိုင်ရန် ဒီဇင်ဘာ ၁ ရက်က နောင်ချိုသို့ ပြန်လည်ရောက်ရှိကြသည်။
ငါးသိုင်းချောင်းမြို့ Quarantine Center သို့ ကိုဗစ်-၁၉ ကာကွယ်ရေးသုံး ပစ္စည်းများလှူဒါန်း
ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့၊ အ.ထ.ကကျောင်းရှိ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစင်တာနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ကာကွယ်ရေးသုံးပစ္စည်းများ လှူဒါန်းခြင်းကို ဒီဇင်ဘာ ၂ ရက်က လင်းရောင်ခြည်လူမှုဖွံ့ဖြိုးရေးအသင်း(ရေကြည်မြို့)မှ လာရောက် လှူဒါန်းကြသည်။