ဟားခါးပြည်သူ့ဆေးရုံကြီးသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ကျန်းမာရေး အသုံးအဆောင်ပစ္စည်းများလှူဒါန်း

ဟားခါးပြည်သူ့ဆေးရုံကြီးသို့ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ၌ အသုံးပြုနိုင်ရန်အတွက် ကျန်းမာရေး အသုံးအဆောင်ပစ္စည်းများကို ဒီဇင်ဘာ ၂ ရက်က ဟားခါး ကက်သလစ်သာသနာလူငယ်အဖွဲ့မှ လှူဒါန်းခဲ့ကြောင်း .....
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်၊ နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌနှင့် အထူးကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်၊ ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ရိုဟေးဆာဆာကာဝါနှင့် အထူးကိုယ်စားလှယ်အဖွဲ့ကို ဒီဇင်ဘာ ၂ ရက် မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး၊ ဧည့်တွေ့ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
လှည်းကူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့သို့  လက်သန့်ဆေးရည်ဘူးများ လှူဒါန်း
ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ကြက်ခြေနီအသင်းမှ လက်သန့်ဆေးရည်ဘူးများအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့သို့ ဒီဇင်ဘာ ၁ ရက် ညနေပိုင်းက လှူဒါန်းခဲ့ကြောင်း သိရသည်။
ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးနှင့် အာဟာရကဏ္ဍ ပြုပြင်ပြောင်းလဲရေး စီမံချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေး
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းသည် EU Delegation to Myanmar ၏ မြန်မာနိုင်ငံဆိုင်ရာ Head of Cooperation ဖြစ်သူ Dr. Johann Hesse ဦးဆောင်သောအဖွဲ့နှင့် ဒီဇင်ဘာ ၂ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၌ Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေးသည်။
အမှတ် (၁)  ဘိလပ်မြေစက်ရုံ တန် ၉၀၀ (မြိုင်ကလေး) ငွေစုငွေချေး သမဝါယမအသင်းက စုဆောင်းငွေပေါ်အတိုးများ ထုတ်ပေး၊ ပညာသင်စရိတ်ထောက်ပံ့     
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ အမှတ်(၁) ဘိလပ်မြေစက်ရုံ တန် ၉၀၀ (မြိုင်ကလေး) ငွေစုငွေချေး သမဝါယမအသင်းလီမိတက်က အသင်းသား ၄၉၈ ဦးအတွက် .....
တစ်နှစ်ပတ်လုံး ပြောင်းဖူးစိုက်ပျိုးခြင်းဖြင့် စီးပွားရေးတွက်ခြေကိုက်လျက်ရှိသည့် လက်ပံခြေပေါ်ကျေးရွာ 
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် လက်ပံခြေပေါ်အုပ်စု လက်ပံခြေပေါ်ကျေးရွာသည် ညောင်ဦး-မြင်းခြံ-ပခုက္ကူ ကားလမ်းမကြီးဘေးတွင် တည်ရှိကာ လယ်ယာ၊ ကိုင်း၊ ကျွန်း၊ ဥယျာဉ်ခြံမြေလုပ်ငန်းများလုပ်ကိုင်သည့် ကျေးရွာတစ်ရွာဖြစ်ကာ တောင်သူအများစုသည် တစ်နှစ်ပတ်လုံး ပြောင်းဖူးစိုက်ပျိုးရောင်းချခြင်းဖြင့် စီးပွားရေး တွက်ခြေကိုက်လျက်ရှိကြောင်း ပြောင်းဖူးစိုက်တောင်သူများထံမှ သိရသည်။
UNESCO  သို့တင်သွင်းမည့် ကရင်ရိုးရာဒုံးအကနှင့် စပ်လျဉ်းသည့် လုပ်ငန်းဆိုင်ရာများ ညှိနှိုင်းအစည်းအဝေး ကျင်းပ
ကရင်ရိုးရာဒုံးအကကို ကမ္ဘာ့အမွေအနှစ် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်နိုင်ရေးအတွက် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ဦးစီးဆောင်ရွက်လျက်ရှိရာ UNESCO သို့ တင်သွင်းရန် အဆိုပြုထားသော ကရင်ရိုးရာ ဒုံးအကနှင့်စပ်လျဉ်းသည့် လုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၂ ရက် နံနက် ၁၁ နာရီက ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။