ဆရာတော်သံဃာတော်များက ကော့သောင်းမြို့ ဘိုးဘွားရိပ်သာသို့ အလှူငွေများလှူဒါန်း
ကော့သောင်းမြို့ရှိ ဘုန်းတော်ကြီးကျောင်း ၁၃ ကျောင်းမှ ဆရာတော် သံဃာတော်ကြီးများက ကော့သောင်းမြို့ ဘိုးဘွားရိပ်သာသို့ ဘိုးဘွားများ ဆေးဝါးကုသမှု ကိစ္စရပ်များတွင် အသုံးပြုနိုင်ရန် ဒီဇင်ဘာ ၇ ရက် ညနေပိုင်းက အလှူငွေများ ကြွရောက်လှူဒါန်းသည်။








