အမရပူရမြို့နယ်တွင် ပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
မန္တလေးမြို့ အမရပူရမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်သည့် ကိုင်းမြေများပေါ် စိုက်ပျိုးထားသော ပဲမျိုးစုံစိုက်ခင်းများ ရေနစ်မြုပ်သည့်အတွက် မြစ်ရေကျချိန် ဒုတိယအကြိမ်မြောက် စက်စွမ်းအားသုံး ထွန်ယက်ကာ ပဲမျိုးစုံ စိုက်ပျိုးခဲ့ရာ ပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သရက်တန်းကျေးရွာမှ ပဲစိုက်တောင်သူ ဦးစိန်ပေါထံမှ သိရသည်။





