ဖျာပုံမြို့နယ် ကိုဗစ်ကော်မတီသို့ အလှူရှင်များမှ အလှူငွေ၊ PPE၊ အောက်စီဂျင်ဘူးများနှင့် Handgel ဘူးများ လှူဒါန်း
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဖျာပုံမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ ရန်ကုန်မြို့မှ အလှူရှင်များက အလှူငွေ၊ PPE နှင့် အောက်စီဂျင် ဘူးများ လှူဒါန်းပွဲကို ဒီဇင်ဘာ ၈ ရက် မွန်းလွဲပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။







