ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် “မိုင်းလား” အထူးဒေသ(၄) မှ ငြိမ်းချမ်းရေးကော်မရှင်သို့ လှူဒါန်းငွေကျပ်သိန်း ၁၀၀၀ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ ခွဲက ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ကျင်းပသည်။