ဒုတိယဝန်ကြီး ဦးအောင်ထူး တရုတ်- တောင်အာရှ ကုန်စည်ပြပွဲသို့ အွန်လိုင်းမှ တက်ရောက်

တရုတ်-တောင်အာရှ ကုန်စည်ပြပွဲ (China-South Asia Expo) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် ကျင်းပရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး ဝန်ကြီးဌာန အစည်းအဝေးခန်းမှ Online  ဖြင့် တက်ရောက် အမှာစကား ပြောကြားသည်။
ရခိုင်ပြည်နယ်အတွင်း အမုန်းစကားဆန့်ကျင်ရေးနှင့် လူမှုသဟဇာတဖြစ်စေရေးဦးတည်သော အမျိုးသမီးများ တွေ့ဆုံဆွေးနွေးပွဲ (တတိယအကြိမ်)ကျင်းပ
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ကွဲပြားခြားနားမှုနှင့်အမျိုးသားရေး သဟဇာတဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့ (CDNH) တို့ ပူးပေါင်းပြုလုပ်သည့် ရခိုင်ပြည်နယ်အတွင်း အမုန်းစကားဆန့်ကျင်ရေး နှင့် လူမှုသဟဇာတဖြစ်စေရေး ဦးတည်သော အမျိုးသမီးများ တွေ့ဆုံဆွေးနွေးပွဲ (တတိယအကြိမ်) ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ  ၁၂ ရက်  နံနက် ၉ နာရီခွဲက Online မှတစ်ဆင့် ကျင်းပခဲ့ကြောင်း သိရသည်။
ကျောင်းကုန်းမြို့နယ် အောင်မင်္ဂလာရိုး တူးဖော်ခြင်းလုပ်ငန်းအား တာဝန်ရှိသူများကွင်းဆင်းကြည့်ရှု
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျောင်းကုန်းမြို့နယ် ကညင်သုံးဆင့်အုပ်စု အောင်မင်္ဂလာ ရိုးတူးဖော်ခြင်းလုပ်ငန်းသို့ ဒီဇင်ဘာ  ၁၂ ရက် နံနက် ၉ နာရီက လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်မှ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
လေရှီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် စစ်ဆေးရေးဂိတ်ရှစ်ခုဖြင့်  အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း ကိုဗစ်-၁၉ အရေးပေါ်တုန့်ပြန်ရေး ကော်မတီ၏ အတွင်းရေးမှူး ထံမှ သိရသည်။
ဖန်းခါးကျင်းကျေးရွာ၌ ကျေးရွာတွင်း ၄၀၀ ဗို့အားလိုင်း သွယ်တန်းခြင်းလုပ်ငန်းများ ပြီးစီး

ဂန့်ဂေါမြို့တွင် Quarantine Centre မှ ပြည်သူများအတွက် ဆန်နှင့် စားဖွယ်များလှူဒါန်း
ဂန့်ဂေါမြို့နယ် အစိုးရစက်မှုလက်မှုသိပ္ပံ (ဂန့်ဂေါ)တွင် ဖွင့်လှစ်ထားသည့် Quarantine Centre မှ ပြည်သူများအတွက် ဇီးပြားကျေးရွာမှ စေတနာရှင်များက ဆန်နှင့် စားဖွယ်များ လှူဒါန်းပေးခဲ့သည်။