လှိုင်မြို့နယ်  မြန်မာ့စီးပွားရေးဘဏ်မှ  အငြိမ်းစားဝန်ထမ်းများအား  ကိုဗစ်-၁၉  ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ  ပင်စင်လစာများထုတ်ပေးလျက်ရှိ

ရန်ကုန်အနောက်ပိုင်းခရိုင် လှိုင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ  မြို့နယ်အတွင်းရှိ အငြိမ်းစား ဝန်ထမ်းများအား ပင်စင်လစာများကို ဒီဇင်ဘာ ၂၁ ရက်ကစ၍ ထုတ်ပေးလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး၊ လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ပင်စင်စားမိဘပြည်သူများအား သတ်မှတ်ရက်များဖြင့်  ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ၏  ကုန်သွယ်လုပ်ငန်းခွန်ရငွေ

လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့်  ပြည်သူများ ဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်ရေး  ဓာတ်အားလိုင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

နွားထိုးကြီး ၊  ၂၃  ဒီဇင်ဘာ 

ဆိပ်ဖြူ မြို့နယ်မှ စပါးစိုက်တောင်သူများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းပို၍ ယခင်နှစ်ထက် စပါးဈေးအနည်းငယ်ပိုရ
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်မှ မိုးစပါးစိုက်တောင်သူများ အောင်မြင်ဖြစ်ထွန်း၍ စပါးအထွက်နှုန်းများပိုခဲ့ပြီး ယခင်နှစ်ထက် ဈေးအနည်းငယ်ပိုရရှိကြောင်း သိရသည်။
ခင်ဦးမြို့နယ်၌ ငလျင်ဘေးအန္တရာယ်ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေး လက်တွေ့လေ့ကျင့်
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့မှ ငလျင်ဘေးအန္တရာယ်ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးအတွက် ဒီဇင်ဘာလ ၂၃ ရက် နံနက် ၉ နာရီက မြို့နယ်မီးသတ်စခန်းတွင် လက်တွေ့လေ့ကျင့်ခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့သည်။
အမာမြို့ ၊ မင်္ဂလာသောင်တန်းကျေးရွာတွင် ကျွဲ ၊ နွားများကို လည်ချောင်းကွဲရောဂါကာကွယ်ဆေး လိုက်လံထိုးနှံပေး
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ နောက်မီးကျေးရွာအုပ်စု၊ မင်္ဂလာသောင်တန်းကျေးရွာတွင် အမာမြို့ ၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ၊ ဝန်ထမ်းများက ကျွဲ၊ နွားများ လည်ချောင်းကွဲရောဂါ ကာကွယ်ဆေးကို ယနေ့ နံနက်ပိုင်းတွင် လိုက်လံထိုးနှံပေးခဲ့ကြောင်း သိရ