ဟိုင်းကြီးကျွန်းမြို့၌ အပေါ့စားအရေးပေါ်မီးသတ်စက်ပေးအပ်ပွဲ အခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့အတွင်းရှိ ကျေးရွာအုပ်စု (၆)စုအား အပေါ့စားအရေးပေါ် မီးသတ်စက်နှင့်ဆက်စပ်ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၉ ရက် နံနက် ၈ နာရီက ဟိုင်းကြီးကျွန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။






