စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်အတွင်း လယ်သီးထပ်စိုက်ပျိုးနိုင်ရေး၊ ဆောင်းသီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေးတို့အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ညောင်ပင်သာနည်းပညာပြန့်ပွားရေးစင်တာ အတွင်းရှိ မရသိမ်အုပ်စု၊ မရသိမ်ကျေးရွာရှိ တောင်သူဦးစိန်ဖေ၏ ကွင်းအမှတ်(၂၂၇၇) ဦးပိုင်အမှတ် (၁၃)တွင် ယနေ့နံနက်(၉)နာရီအချိန်က ဆောင်းမြေပဲ မကွေး(၁၆) မျိုးစေ့ထုတ်ကွက် စိုက်ပျိုးခြင်း၊ မျိုးယှဉ်ပြိုင် စမ်းသပ်ကွက်စိုက်ပျိုးခြင်းအား စိုက်နည်းစနစ်မှန်ကန်ရေးအတွက် ညောင်ပင်သာ နည်းပညာပြန့်ပွားရေးစင်တာ တာဝန်ခံ ဒေါ်မြတ်နိုးဆွေနှင့် စိုက်ပညာရှင်ဝန်ထမ်းများမှ ကြီးကြပ် ဆောင်ရွက်ခဲ့ကြောင်း သိရ