ဗန်းမောက်မြို့နယ်၌ ကနန်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း တွေ့ဆုံပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ ကနန်းဒေသစိပ်၊ နန်းဇားကျေးရွာ၊ ဘုန်းတော်ကြီး ကျောင်းတွင် ဇန်နဝါရီ ၁၉  ရက် မွန်းလွဲပိုင်းက နန်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း တွေ့ဆုံဆွေးနွေပွဲ ပြုလုပ်ခဲ့ကြောင်း သိရ
ဝန်းသိုမြို့နယ် ထန်းတပင်ကျေးရွာတွင် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ်အကြောင်း အသိပညာပေးခြင်းနှင့် မြစိမ်းရောင်စီမံကိန်းချေးငွေပြန်လည် ထုတ်ချေးပေးခြင်းလုပ်ငန်းဆောင်ရွက်
စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းခရိုင် ဝန်းသိုမြို့နယ် ထန်းတပင်ကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာအခြေပြု စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှု စနစ်အကြောင်း အသိပညာပေးခြင်းနှင့် မြစိမ်းရောင် ကျေးရွာစီမံကိန်း ဆဋ္ဌမအကြိမ်မြောက် ချေးငွေထုတ်ချေးပေးခြင်း အခမ်းအနားကို
ဘုတလင်မြို့နယ်ရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များတွင် သတ်မှတ်စည်းကမ်းချက်များနှင့် အညီ ရောင်းချမှု ရှိ/မရှိ ရှောင်တခင် စစ်ဆေး
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်ရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချမှု ရှိ/မရှိကို ဇန်နဝါရီ ၂၀ ရက် နံနက်ပိုင်းက  ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်စိုးထံမှ သိရ
သဘာဝငါးသယံဇာတများကို ထိခိုက်စေနိုင်သော ဒေသရင်းမဟုတ်သည့် ငါးမျိုးများ မွေးမြူခြင်းဆိုင်ရာ သတိပေးတားမြစ်ချက် ဗီနိုင်းပိုစတာ စိုက်ထူ
သဘာဝငါးသယံဇာတများကို ထိခိုက်စေနိုင်သောဒေသရင်းမဟုတ်သည့် ငါးမျိုးများ မွေးမြူခြင်းဆိုင်ရာ သတိပေးတားမြစ်ချက် အသိပညာပေးသည့် ဗီနိုင်းပိုစတာများကို‌ ရေကြည်မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးလွင်နှင့် ဝန်ထမ်းများက မြို့နယ် ငါးလုပ်ငန်းရုံးဝင်းအတွင်း၌ ဇန်နဝါရီ  ၁၉ ရက် မွန်းလွဲပိုင်းက  စိုက်ထူခဲ့ကြောင်း သိရသည်။
ဝက်လက်မြို့နယ်တွင် စိုက်ဧက (၃၀၀)ကျော်ကို အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်နေခြင်းကို ကွင်းဆင်းစစ်ဆေး
စစ်ကိုင်းတိုင်းဒေသကြီး  ရွှေဘိုခရိုင် ဝက်လက်မြို့နယ် ရွှေအိုးရကျေးရွာတွင် စိုက်ဧက (၃၀၀)ကျော်ကို အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်းဆောင်ရွက်နေခြင်းကို ကွင်းဆင်းစစ်ဆေးခြင်းကို ဇန်နဝါရီ  ၂၀ ရက် နံနက် ၈ နာရီက တာဝန်ရှိသူများမှ  ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း  ဝက်လက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနမှ သိရသည်။
ကံမမြို့နယ်၌ ရပ်ကွက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရေး ရှင်းလင်းအသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်
မကွေးတိုင်းဒေသကြီး၊  သရက်ခရိုင်၊   ကံမမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ  ရွေးချယ်နိုင်ရန်အတွက်  အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍  ရှင်းလင်း       အသိပညာပေးခြင်းကို မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သည့် အဖွဲ့များက  ရပ်ကွက်၊ ကျေးရွာများ အရောက်    ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
မြိတ်မြို့တွင် မီးဘေးသင့်အိမ်ထောင်စု(၂)စုအား ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာတွင် မီးဖိုမီးကြွင်းမီးကျန်မှတဆင့် မီးလောင်ကျွမ်း ပြီး မီးဘေးသင့်ခဲ့ရသည့် အိမ်ထောင်စု(၂)စုအား ဇန်နဝါရီလ(၁၉)ရက် ညနေပိုင်းတွင် ဘေးအန္တရာယ်စီမံခန့်ခွဲရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့မှ ကယ်ဆယ်ရေးပစ္စည်းများကို သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။