ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှု မူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်အတွက် အပြီးသတ်အစီရင်ခံသည့် အစည်းအဝေးကို Virtual ပုံစံဖြင့် အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒ ဆန်းစစ်ခြင်းလုပ်ငန်းစဉ်အတွက် အပြီးသတ် အစီရင်ခံသည့် အစည်းအဝေးအား Virtual ပုံစံဖြင့် အောင်မြင်စွာကျင်းပနိုင်ရေး ဝန်ကြီးဌာနတွင်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တက္ကသိုလ်စိန်ခေါ်မှုများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ
ပညာရေးဝန်ကြီးဌာန၊ အမျိုးသားပညာရေး မူဝါဒကော်မရှင်နှင့် ပါမောက္ခချုပ်များ ကော်မတီတို့၏ ဦးဆောင်မှုဖြင့် အမျိုးသားအဆင့်မြင့်ပညာ ဖွံ့ဖြိုးရေးကျောင်း (National Institute for Higher Education Development - NIHED)၊ Advance HE နှင့် ဗြိတိသျှကောင်စီတို့ ပူးပေါင်းကျင်းပသည့် တက္ကသိုလ်စိန်ခေါ်မှုများ (University Challenges) ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလအတွင်း အလုပ်သမားရေးရာဆိုင်ရာ ဆောင်ရွက်ချက်များ

အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေး အထောက်အကူပြုလုပ်ငန်းအဖွဲ့ တတိယအကြိမ် အစည်းအဝေး ကျင်းပ
အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေး အထောက်အကူပြုလုပ်ငန်းအဖွဲ့၏ တတိယအကြိမ် အစည်းအဝေးကို ယနေ့  နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ Online ဖြင့် ကျင်းပသည်။
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စ ဂျောင်ဟေခယောင်းအား လက်ခံတွေ့ဆုံ
ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းသည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စ ဂျောင်ဟေခယောင်းအား ယနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေး COVISHIELD အလုံးရေ ၂၀၀၀ နေပြည်တော်သို့ရောက်ရှိ၊ ဇန်နဝါရီ ၂၇ ရက်တွင် ကျန်းမာရေးဝန်ထမ်းများကို စတင်ထိုးနှံပေးသွားမည်
အိန္ဒိယနိုင်ငံအစိုးရက မြန်မာနိုင်ငံမှ ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အစီအမံများအား အထောက်အကူပြုစေရန် ရည်ရွယ်ပြီး အိန္ဒိယနိုင်ငံအခြေစိုက် Serum Institute of India (SII) ထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး COVISHIELD  ၁ ဒသမ ၅ သန်းကို ပထမအကြိမ် ကူညီထောက်ပံ့ခဲ့ရာ ဇန်နန်ဝါရီ ၂၂ ရက်က ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိခဲ့သည်။
မြို့နယ်အသီးသီး၌ ဘိန်းစိုက်ခင်းများ ဖျက်ဆီး
ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင် ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၂၅ ရက်က လွိုင်လင် မြို့နယ် ကျူဖိုမီးကျေးရွာ၏ အနောက်မြောက်ဘက် ၃ မိုင်ခန့်အကွာ၌ အမြင့် ၂ ပေခန့်ရှိ သီးပွင့်ဆဲဘိန်းခင်း ၂၂ ဧကခန့်၊ ညပန်ကျေးရွာ၏ အရှေ့မြောက်ဘက် ၄ ဖာလုံခန့်အကွာ၌ အမြင့် ၂ ပေခန့်ရှိ သီးပွင့်ဆဲဘိန်းခင်း ၁၆ ဧကခန့်နှင့် ဗန်ဗွေကျေးရွာ၏ အရှေ့မြောက်ဘက်၌ အမြင့် ၂ ပေခန့်ရှိ သီးပွင့်ဆဲဘိန်းခင်း ၆ ဧကခန့်တို့အား ဖျက်ဆီးခဲ့ကြောင်း သိရ