ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ Stakeholder Meeting ကျင်းပ
ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) ပါ သဘောတူညီချက်များ အကောင်အထည်ဖော်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အစိုးရကိုယ်စားလှယ်များသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ Stakeholder များမှ ကျွမ်းကျင်ပညာရှင်များနှင့် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ယနေ့နံနက် ၁၀ နာရီမှ ညနေ ၄ နာရီခွဲအထိ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။






