မော်လမြိုင်ကျွန်းမြို့နယ် မြို့မစျေးမီးလောင်၊ ဆိုင်ခန်း(၁၆)ခန်း မီးလောင်ပျက်စီး
မော်လမြိုင်ကျွန်းမြို့နယ် အမှတ်(၅)ရပ်ကွက်၊ (၁၁)လမ်းနှင့် (၁၃)လမ်းကြားရှိ မြို့မစျေးကြီးအတွင်း မေ ၅ ရက် ည ၇ နာရီ ၁၅ မိနစ်ခန့်တွင် ပရဆေးဆိုင်မှစတင်၍ မီးလောင်မှုဖြစ်ပွားခဲ့ရာ ည ၇ နာရီ ၃၅ မိနစ်တွင် မီးညွန့်ကျိုးခဲ့ပြီး ည ၇ နာရီ ၅၅ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။




