လပွတ္တာ၊ ၆ မေ
မော်လမြိုင်ကျွန်းမြို့နယ် အမှတ်(၅)ရပ်ကွက်၊ (၁၁)လမ်းနှင့် (၁၃)လမ်းကြားရှိ မြို့မစျေးကြီးအတွင်း မေ ၅ ရက် ည ၇ နာရီ ၁၅ မိနစ်ခန့်တွင် ပရဆေးဆိုင်မှစတင်၍ မီးလောင်မှုဖြစ်ပွားခဲ့ရာ ည ၇ နာရီ ၃၅ မိနစ်တွင် မီးညွန့်ကျိုးခဲ့ပြီး ည ၇ နာရီ ၅၅ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
မြို့မစျေးကြီးအတွင်း မီးလောင်မှုဖြစ်စဥ်ကြောင့် ဆိုင်ခန်း (၁၆)ခန်းခန့် မီးလောင်ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုခန့်မှန်းတန်ဖိုးမှာ (၁၆)သိန်းခန့်ရှိကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက အနီးကပ်ကြီးကြပ်ပြီး မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင် ၂၆ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၈၀)အပါအဝင် မအူပင်မြို့နယ် ရေလဲမီးသတ်စခန်း၊ ဘိုကလေးမြို့နယ်တို့မှ အုပ်ချုပ်မှုယာဥ် (၁)စီး၊ မီးငြှိမ်းသတ်ယာဥ် (၇)စီး၊ ရေသယ်ယာဥ် (၃)စီး၊ ရေကား (၁)စီးတို့ဖြင့် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။
လပွတ္တာခရိုင် (ပြန်/ဆက်)


