နိုင်ငံတော်ဩဝါဒါစရိယ၊ ဈေးကုန်းဆရာတော်ကြီးအား ရည်စူး၍ ကုသိုလ်ပြု အမျှပေးဝေခြင်း အခမ်းအနား ကျင်းပ

နိုင်ငံတော်ဩဝါဒါစရိယ၊ နေပြည်တော်၊ ပျဉ်းမနားမြို့၊ မဟာဝိသုတာရာမ ဈေးကုန်းပရိယတ္တိ စာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက ဖြစ်တော်မူသော သက်တော်(၉၅)နှစ်၊ သိက္ခာတော် (၇၅)ဝါရှိ၊ အဘိဓဇမဟာရဋ္ဌဂုရု ဒေါက်တာဘဒ္ဒန္တကဝိသာရ မဟာထေရ်ဆရာတော်ကြီးသည် ၁၃၈၃ ခုနှစ်၊ နယုန်လဆန်း ၁ ရက် (၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၀ ရက်)၊ ကြာသပတေးနေ့၊ နံနက် ၈ နာရီတွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပြီးဖြစ်ရာ ဆရာတော်ကြီးအား ရည်စူး၍ ကုသိုလ်ပြု အမျှအတန်းပေးဝေခြင်းအခမ်းအနားကို ဇွန် ၁၂ ရက် နံနက် ၉ နာရီတွင် ဆရာတော်ကြီး၏ ဉတုဇရုပ်ကလာပ်တော်ထားရှိရာ  စံကျောင်းတော် (ရွှေရတုဗိမာန်)၌ ကျင်းပသည်။
မြို့မဈေးကုန်းဆရာတော်ကြီး၏ အန္တိမဈာပနအတွက် အလှူငွေများ ပေးအပ်လှူဒါန်း

ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါကြောင့် အသက်(၈၁)နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦး သေဆုံး

လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပျက်စီးခဲ့သော မိသားစုအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများပေးအပ်

သွေးလွန်တုပ်ကွေး ရောဂါကာကွယ်ရေးအတွက် ခြင်းဆေးမှိုင်းမှုတ်ခြင်းလုပ်ငန်း ဆောင်ရွက်

ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိသော အသက်(၅၁)နှစ်အရွယ် အမျိုးသားတစ်ဦး ကိုဗစ်-၁၉ ရောဂါဖြင့်‌သေဆုံး

မောင်တောမြို့နယ်၌ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေး
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၁ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ် ချေး ငွေများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွန်ကြားချက်များနှင့်အညီ တောင်သူများအား  ဇွန် ၁၁ ရက် မွန်းလွဲပိုင်းက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်ဘဏ်(ခွဲ)၌ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။