နမ့်စန်တွင် ပြည်သူများအား ပါးစပ်နှင့် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေး
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နမ့်စန် ကမ္ဘောဇဘဏ်ခွဲမှ ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းက အမှတ်(၃) ရပ်ကွက် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် Mask Campaign ပြုလုပ်၍ ပါးစပ်နှင့် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။






