ဒုတိယဝန်ကြီး ဦးမြင့်စိုး မိတ္ထီလာနှင့် ကျောက်ပန်းတောင်းမြို့နယ်များမှ ဝါစိုက်တောင်သူများနှင့်တွေ့ဆုံ

နေပြည်တော် ဇွန် ၁၈

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကျင်းပ

နေပြည်တော် ဇွန် ၁၉

ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ပဲပုပ်စိုက်တောင်သူများ၊ ကော်ဖီစိုက်တောင်သူ များနှင့်တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေး

နေပြည်တော် ဇွန် ၁၉

မိုးဦးမိုးကောင်မွန်သဖြင့် ဆီထွက်သီးနှံ မြေပဲ၊ နှမ်း နေကြာများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး သီးနှံပေါ်ချိန် ဈေးကောင်းရရှိရန် တောင်သူများမျှော်လင့်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မိုးဦးကာလ မိုးကောင်မွန်စွာရရှိသဖြင့် မြို့နယ်အတွင်း စိုက်ပျိုးထားရှိသည့် မြေပဲနှင့် နှမ်းများ အောင်မြင်ဖြစ်ထွန်းလျှက်ရှိပြီး၊ ပေါင်းနှုတ်ခြင်း ဆေးဖြန်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိသည်။ စိုက်ပျိုးရေးသွင်းအားစုများ ဈေးကြီးမြင့်လာမှုကြောင့် ယခုနှစ်သီးနှံပေါ်ချိန်တွင် ယမန်နှစ်ကကဲ့သို့ ဈေးကောင်းရရှိရေး တောင်သူများ မျှော်လင့်နေကြကြောင်းသိရသည်။
ကျောက်တံခါးမြို့နယ်တွင် ကိုရီးယားသစ်တောဌာနနှင့် မြန်မာနိုင်ငံသစ်တောဦးစီးဌာနတို့ ပူးပေါင်းဆောင်သည့် FD- KFS  REDD+ စီမံကိန်းမှ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်တွင် ကိုရီးယားသစ်တောဌာနနှင့် မြန်မာနိုင်ငံ သစ်တောဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် FD-KFS REDD+ စီမံကိန်းနှင့် ကျောက်တံခါးမြို့နယ် သစ်တောဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်အား ယမန်နေ့က ကြာအင်းကုန်းကျေးရွာအုပ်စု၊ ကြာပင်အိုင်ကျေးရွာ ရန်ကုန် - မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ် (၁၀၃) မိုင် (၆) ဖာလုံအနီးတွင် ကျင်းပဆောင်ရွက်ခဲ့သည်။
မင်းဘူးမြို့၌ စုပေါင်းဈေးရောင်းပွဲတော် (ဒုတိယနေ့) လာရောက်လည်ပတ်သူများဖြင့် စည်ကား
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ နယ်လှည့်ဈေးရောင်းချသူများအဖွဲ့က ဦးဆောင် ကျင်းပသည့် စုပေါင်းဈေးရောင်းပွဲတော်ကို ဇွန်လ ၁၇ ရက် ညနေပိုင်းမှစတင်ပြီး မင်းဘူးမြို့ အမှတ် (၄) ရပ်ကွက်ရှိ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း ရုံးဝင်းအတွင်း၌ ကျင်းပပြုလုပ်လျက်ရှိရာ ဈေးရောင်းပွဲတော် ဒုတိယနေ့အဖြစ် ဇွန်လ ၁၈ ရက်နေ့ ညပိုင်းက လာရောက်လည်ပတ်သူများဖြင့် အထူးစည်ကားခဲ့ကြောင်း သိရသည်။