သဲကုန်းမြို့နယ်၌ ဆန်စက်လုပ်ငန်းရှင်များအသင်းမှ သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းချပေး
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် သဲကုန်းမြို့တွင် ရပ်ကွက်နေပြည်သူများ၏ နေ့စဉ်လူနေမှုဘဝ စားသောက်ရေးတွင် အထောက်အကူပြုစေရန် ရည်ရွယ်၍ စားသုံးကုန်ပစ္စည်းများကို ပြင်ပစျေးနှုန်းများထက် လျှော့ချကာ စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာနနှင့် ဆန်စက်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် ဆန်တစ်ပြည်လျှင် (၃၀၀၀)နှုန်းဖြင့် ယနေ့နံနက်ပိုင်းက သဲကုန်းမြို့မစျေး၊ စျေးတာဝန်ခံရုံးအနီးတွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။






