စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့ရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် MSMEs လုပ်ငန်းများဆောင်ရွက်နေမှု လိုက်လံကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ စစ်ကိုင်းခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဇူလိုင် ၄ ရက် နံနက်ပိုင်းတွင် စစ်ကိုင်းစက်မှုဇုန်ရှိ နိုင်ငံ့စီးပွားမြင့်တင်ရေးရန်ပုံငွေဖြင့် ပြည်တွင်းလုပ်သား ၂၀၀ ကျော်ဖြင့် လုပ်ငန်းများဆောင်ရွက်နေသည့် တစ်ရက်လျင် ၂၁ ပိဿဝင်၊ ချည်အိတ် ၄၅ အိတ်ထုတ်လုပ်နိုင်သည့် အောင်စိန် ချည်မျှင်စက်ရုံသို့ ရောက်ရှိရာ စက်ရုံတာဝန်ခံမှ ချည်လုံး၊ ချည်ငင်၊ ချည်ကျစ်၊ ချည်ကတော့ထုတ်လုပ်မှုအဆင့်ဆင့်နှင့် ကုန်ကြမ်းသိုလှောင်ရုံတို့အား လိုက်လံရှင်းလင်းပြသသည်။
ဘားအံ၌ ရင်းနှီးမြှုပ်နှံမှုပမာဏ ငွေကျပ် ၅၉၀၀ သန်းဖြင့် Hyper Market (အဆင့်မြင့်ဈေး) တည်ဆောက်
ကရင်ပြည်နယ်၏ မြို့တော် ဘားအံမြို့တွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ငွေကျပ် ၅၉၀၀ သန်းဖြင့် ဆိုင်ခန်းပေါင်း ၁၆၄ ခန်းပါဝင်သည့် Hyper Market (အဆင့်မြင့်ဈေး)ကို တည်ဆောက်သွားမည်ဖြစ်ရာ ဇူလိုင် ၄ ရက် နံနက် ၈ နာရီက ဘားအံမြို့၊ အမှတ်(၂)ရပ်ကွက်၊ ရွှေယဉ်မျှော်ဘုရားအနီးရှိ အဆိုပါဈေးသစ် တည်ဆောက်မည့်မြေနေရာ၌ ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ကျင်းပသည်။
ဆင်ပေါင်ဝဲမြို့နယ် ရပ်ကွက်/ကျေးရွာများသို့ ရေဘေးနှင့် မြေပြိုဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ရပ်ကွက်/ကျေးရွာများသို့ ရေဘေးနှင့် မြေပြိုဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် ၁၁ နာရီက ရပ်ကွက်/ကျေးရွာများအရောက် လိုက်လံဆောင်ရွက်ခဲ့ကြသည်။
ကချင်ပြည်နယ် ရေဘေးသင့်ပြည်သူများအတွက် မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ လှူဒါန်းငွေပေးအပ်
မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ် ရေဘေးသင့်ပြည်သူများအတွက် မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ငွေကျပ်သိန်း ၃၀ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မေခလာခန်းမ၌ ကျင်းပသည်။
သရက်မြို့ ပြည်သူ့ဆေးရုံတွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစစ်ဆေးကုသပေး
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်းရှိ ခရိုင်ကုသရေးဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား သွေးတိုးရောဂါ၊ သွေးချိုဆီးချိုရောဂါ၊ နှလုံးရောဂါများအား အခမဲ့ စစ်ဆေးပေးခြင်း၊ ဆေးကုသပေးခြင်းကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း စစ်ဆေးပေးလျက်ရှိပြီး ယမန်နေ့ နံနက် ၉ နာရီခွဲက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ပေးခဲ့သည်။
အောင်လံမြို့၌ ဧရာဝတီမြစ်ကမ်းနံဘေးရှိ နေအိမ်များသို့ ရေဘေးနှင့်မြေပြိုဘေး ကြိုတင်ကာကွယ်ရေး စုပေါင်းနှိုးဆော်
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ဧရာဝတီမြစ်ကမ်းနံဘေးရှိ နေအိမ်များသို့ ရေဘေးနှင့်မြေပြိုဘေး ကြိုတင်ကာကွယ်နိုင်ရေးကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ဝင်များက စုပေါင်းလိုက်လံနှိုးဆော်ခဲ့ကြသည်။
ကျိုက်လတ်မြို့နယ်တွင် ပညာသင်ကြားနေသည့် ယာယီတိုက်ပွဲရှောင်ကျောင်းသားများအား စာရေးကိရိယာများ ထောက်ပံ့ပေးအပ်
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ပညာသင်ကြားနေသည့် ယာယီတိုက်ပွဲရှောင်‌ ကျောင်းသားများအား တာဝန်ရှိသူများက ဇူလိုင် ၃ ရက် နေ့လယ်ပိုင်းက စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့သည်။