နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)တွင် ဖွင့်လှစ်ခဲ့သည့် အခြေခံပညာ ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၁၀၆) သင်တန်းဆင်းပွဲ
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၌ ဖွင့်လှစ်ခဲ့သည့် အခြေခံပညာဆရာ၊ ဆရာမများအထူးမွမ်းမံသင်တန်း၊ အမှတ်စဉ်(၁၀၆)၏ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၊ ရတနာသိင်္ဃခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင် ဦးစိုးတင့်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)မှ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး၊ ပညာရေးမှူးနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။





