တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ရေဘေးဒဏ်ခံစားရသောဒေသများရှိ ပြည်သူများအား လှူဒါန်းသော အလှူငွေပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်
တိုင်ဖွန်းမုန်တိုင်းရာဂီ၏ သက်ရောက်မှုကြောင့် မြန်မာနိုင်ငံအနှံ့အပြားတွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး ရေဘေးဒဏ်ခံစားရသော ဒေသများရှိ ပြည်သူများအား လှူဒါန်းသော အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။







