စဉ့်ကိုင်မြို့နယ်အတွင်း ရေကြီး/ရေလျှံမှုကြောင့် ရေဝင်နစ်မြုပ်ခဲ့သည့် စာသင်ကျောင်း (၈)ကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား စာရေးကိရိယာများ ထောက်ပံ့ပေးအပ်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်း၌ ဇော်ဂျီမြစ်၊ ပန်းလောင်မြစ်နှင့် ဒုဌဝတီမြစ်ရေ လျှံတက်မှုကြောင့် ရေဝင်နစ်မြုပ်ခဲ့သည့် စာသင်ကျောင်း (၈)ကျောင်းရှိ ကျောင်းသား/ ကျောင်းသူများအား စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲကို စက်တင်ဘာ ၂၅ ရက် မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။







