ထန်းတပင်မြို့နယ်၌ နွေရာသီ အခြေခံအင်္ဂလိပ်စာသင်တန်း (အခမဲ့) ဖွင့်လှစ်

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ထန်းတပင်မြို့မ ပရဟိတလူငယ်အဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီ အခြေခံအင်္ဂလိပ်စာသင်တန်းကို ယနေ့ မွန်းလွဲ ၃ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (အခမဲ့) ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြသည်။
လာမည့် ဧပြီ ၁ ရက် တွင် ကျပ် ၁၀ဝ၀ တန် နှင့် ကျပ် ၅၀ဝ တန် ထီဖွင့်ပွဲ ဖွင့်လှစ်ပေးမည်
အောင်ဘာလေ သိန်းဆုဖွင့်ပွဲကို ဧပြီ ၁ ရက်တွင် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ အောင်ဘာလေ သိန်းဆုဌာနခွဲ ထီဖွင့်ပွဲခန်းမဆောင်၌ နံနက်(၈)နာရီတွင် စတင် ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း သိရသည်။
အာဆီယံဒေသတွင်း ဒုတိယအကြီးဆုံး PRO 1 Global Home Center ( တောင်ကြီး) ဖွင့်လှစ်
အာဆီယံဒေသတွင်း ဒုတိယအကြီးဆုံး  လူသုံးကုန်နှင့် ဆောက်လုပ်ရေးပစ္စည်း အရောင်းစင်တာ PRO 1 Global Home Center (Ayetharyar Branch) ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
ရန်ကုန်စာအုပ်လမ်း မိုးရာသီခေတ္တပိတ်ပွဲတွင် စာအုပ်မိတ်ဆက်ပွဲ၊ စာပေဟောပြောပွဲနှင့် စာပေပဟေဠိတို့ ပါဝင်
ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ရန်ကုန်စာအုပ်လမ်းမှ စာအုပ်ဆိုင်များ၏ ပွင့်လမ်းရာသီ ဖွင့်လှစ်ရောင်းချပြီးနောက် မိုးရာသီတွင် ခေတ္တရပ်နားမည်ဖြစ်၍ စာအုပ်ရောင်းရာသီ ခေတ္တပိတ်ပွဲနှင့်အတူ တနဂငေ်္နွနေ့တွင် စာအုပ်မိတ်ဆက်ပွဲ၊ စာပေဟောပြောပွဲနှင့် စာပေပဟေဠိအစီအစဉ်များ စီစဉ်ထားကြောင်း သိရသည်။ 
ကလောမြို့နယ်၌ One State One Township Project  လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် One State One Township Project   အမှိုက်ကင်းစင်ရေးနှင့် မူးယစ်ကင်းစင်ရေး လုပ်ငန်းများကို  ယနေ့ နံနက်မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
သန်လျင် ကျိုက်ခေါက်စေတီတော်၌ နှစ်ဦးအကြို အထူးဓမ္မပူဇာသဘင် ကျင်းပမည်
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့၊ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ခေါက်စေတီတော်၏ (စတုတ္ထအကြိမ်) ၁၃၈၁ ခုနှစ် နှစ်ဦးအကြို အထူးဓမ္မပူဇာသဘင်ပွဲကို မတ် ၃၀ ရက်မှ ဧပြီ ၁ ရက်နေ့အထိ ၃ ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဓမ္မာစရိယ စာမေးပွဲ ဆက်လက်ကျင်းပ
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူး၍ နှစ်စဉ်ကျင်းပသော ၂၀၁၉ ခုနှစ် ဓမ္မာစရိယစာမေးပွဲ သီလက္ခန္ဓဝဂ္ဂပါဠိ အဋ္ဌကထာ (ပထမနေ့) ကို နိုင်ငံတဝှမ်းလုံးရှိ စာဖြေဌာနများတွင် စာဖြေသံဃာတော် နှင့် သီလရှင် များစာရင်းသွင်း ၁၉၂၈၅ ပါးအနက် ၁၅၁၁၆ ပါး ဖြေဆိုကြသဖြင့် ၇၈ ဒသမ ၃၈ ရာခိုင်နှုန်းဖြေဆိုခဲ့ကြကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။