ချင်းတွင်းသင်္ကြန်ပွဲတော်တွင် ပြသရန် သဲပန်းပုများ စတင်ထုလုပ်လျက်ရှိ
မုံရွာမြို့ ချင်းတွင်းမြစ်ကမ်း သဲသောင်ပြင်ပေါ်၌ ဒုတိယအကြိမ်ကျင်းပမည့် ချင်းတွင်းသင်္ကြန်ပွဲတော်တွင် သဲပန်းပုရုပ်များ ပါဝင်ပြသရန်အတွက် သဲပန်းပုရုပ်ထုများကို ယနေ့ နံနက်ပိုင်း မှစတင်ပြီး ထုလုပ်လျက်ရှိကြောင်း သိရသည်။







