ငဖဲမြို့နယ် တောင်ပေါ်ဒေသ စိမ့်စမ်းရေသွယ်ခြင်း လုပ်ငန်းများပြီးစီးမှု ကွင်းဆင်းစစ်ဆေး
မင်းဘူးခရိုင် ငဖဲမြို့နယ် တောင်ပေါ်ဒေသ ကျေးရွာများတွင် သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် ဆောင်ရွက်သော စိမ့်စမ်းရေ သွယ်တန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို ယနေ့ နံနက်ပိုင်းတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။



