လွိုင်လင်မြို့၌ စွမ်းအားမြှင့်မီးဖိုများဖြန့်ဖြူးခြင်း ၊ စီမံကိန်းစတင်ခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ

စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုးရီယားရာသီဉတုပြောင်းလဲမှုဗဟိုဌာနတို့ ပူးပေါင်းဆောင်ရွက်သော  စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဖြူးခြင်း ၊ စီမံကိန်းစတင်ခြင်း ၊ အလုပ်ရုံဆွေးနွေးပွဲနှင့် စီမံကိန်းတွင်ပါဝင်မည့်သူများ ညှိနှိုင်းဆွေးနွေးပွဲကို ဩဂုတ်လ ၈ ရက် နံနက်(၉)နာရီက အထက-၁ နဝဒေးခန်းမတွင် ကျင်းပကြောင်း သိရသည်။
ကျေးရွာသုံးမြေသားရေကန်အား ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ဘလွေကျေးရွာတွင် ကျေးရွာနေပြည်သူများ အသုံးပြုလျက်ရှိသော သောက်သုံးရေကန်အား ပြန်လည်ပြုပြင် ဆယ်ယူခြင်းလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း ချောင်းဦးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးမှ သိရသည်။
မန္တလေးဒေသကြီးတိုင်း အတွင်းရှိ ဓာတ်သတ္တုအသေးစား ထုတ်လုပ်ခြင်းနှင့် လက်လုပ်လက်စား လုပ်ငန်းများ လုပ်ကိုင်ရန် လျှောက်ထားသူ ၂၅၅ ဦးရှိ
မန္တလေးတိုင်း အတွင်းရှိ ဓာတ်သတ္တုအသေးစား ထုတ်လုပ်ခြင်း၊ လက်လုပ်လက်စား လုပ်ငန်းများ၊ လုပ်ကိုင်ရန် လျောက်ထားသူ ၂၅၅ ဦးရှိကြောင်း မန္တလေးတိုင်း သတ္တုတွင်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမိုးဆွေက ပြောသည်။
ကလိန်အောင်မြို့အတွင်း စွန့်လွှတ်မြေယာများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်ပေးအပ် ဆောင်ရွက်လျက်ရှိ
တနင်္သာရီတိုင်းဒေသကြီး၊ ကလိန်အောင်မြို့အတွင်းရှိ စွန့်လွှတ်မြေယာများအား လုပ်ထုံးလုပ်နည်းနှင့်အညီ မူလပိုင်ရှင်များထံသို့ ပြန်လည်လွှဲပြောင်း ပေးအပ်လျက်ရှိကြောင်း လိန်အောင်မြို့  အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းရုံးတွင် သက်ငယ်မုဒိမ်း ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ
မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် နိုင်ငံတကာမိသားစု စီမံကိန်းအဖွဲ့(IPPF)တို့ ပူးပေါင်းဆောင်ရွက်သော မျိုးဆက်ပွား ကျန်းမာရေးလုပ်ငန်းများ လက်လှမ်းမီစေရေးဆိုင်ရာ စီမံချက် ဗဟိုအဆင့် အသိပေးဆွေးနွေးခြင်း အခမ်းအနားနှင့် စေတနာ့ဝန်ထမ်း သင်တန်းသို့ -----------
ဆွမ္မရာမြို့၌ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြို့တွင်းလမ်းအချို့ပျက်စီး
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ် ဆွမ္မရာမြို့၌ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြို့အဝင်၊ အိန္ဒိယနယ်စပ် အထွက်လမ်း၊ အထက ကျောင်းသွားလမ်း၊ ဆေးရုံးလမ်းနှင့် မြို့တွင်းလမ်းမကြီး အချို့နေရာများတွင် လမ်းပျက်စီးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
နောင်လတ်(နောက်)ကျေးရွာ၌ ဘက်စုံသုံးကျေးရွာခန်းမဆောင်ဖွင့်ပွဲကျင်းပ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)တွင် ပါလောပါကယ်ကျေးရွာအုပ်စု၊ နောင်လတ်(နောက်)ကျေးရွာရှိ ဒေသခံပြည်သူများ၏ လူမူရေး၊ ပညာရေး၊ စီးပွားရေးလုပ်ငန်းများတွင် အကျိုးပြုဆောင်ရွက်သွားနိုင်ရန်အတွက်  စီမံကိန်းထောက်ပံ့ငွေဖြင့် ဆောင်ရွက်သော ဘက်စုံသုံးကျေးရွာခန်းမဆောင်ဖွင့်ပွဲကို သြဂုတ် ၇ နံနက် ၉ နာရီက ဆီဆိုင်မြို့နယ်၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ နောင်လတ်(နောက်)ကျေးရွာခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။