ဂန့်ဂေါမြို့နယ် ပုံတောင် ပုံညာတောင်ဒေသတွင် ဆင်းပဒေသာ မြေပဲ စံပြကွက်စိုက်ပျိုး

ဂန့်ဂေါမြို့နယ် ပုံတောင် ပုံညာတောင်ဒေသရှိ ကြက်ရိုးကျေးရွာတွင် ဆင်းပဒေသာ ၁၁ မြေပဲမျိုးကို စံပြကွက်အဖြစ် ၁၀ဧက စိုက်ပျိုးထားသည့်အပြင် မြစ်သာရေလှောင်တမံ ဘက်စုံ စီမံကိန်းဒေသ စပယ်ကျေးရွာတွင်လည်း ဆင်းပဒေသာ ၁၁ မြေပဲစံပြကွက် ၁၀ ဧက တို့ကို ယခုနှစ် မိုးရာသီတွင် စိုက်ပျိုးထားကြောင်းနှင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကျောက်ကြီးမြို့နယ်၌ ရေဘေးထိခိုက်ခံစားနေရသည့် ကျေးရွာများအား သောက်ရေသန့်၊ ဓာတ်ဆားနှင့် ဆန်များ ကူညီထောက်ပံ့
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်အတွင်း သြဂုတ် ၉ ရက်နေ့ ညနေ ၄ နာရီတွင် မြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးမိုးဝင်းထွန်း ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များ နှင့် မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ တပ်ဖွဲ့မှူး မင်းမြတ်ဘုန်း ဦးဆောင်သည့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မသန်စွမ်း ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး ရေဘေးထိခိုက်ခံစားနေရသည့် ကျေးရွာများအား သောက်ရေသန့်၊ ဓာတ်ဆားနှင့် ဆန်းရိက္ခာများ ကူညီထောက်ပံ့ခဲ့ကြောင်းသိရသည်။
ကော့ကရိတ်မြို့ ရေဘေးသင့် အိမ်ထောင်စုများကို ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့ငွေများ သွားရောက်ပေးအပ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုနှင့် ချောင်းရေများလျှံခြင်းဖြစ်ပေါ်၍ အချို့အနိမ့်ပိုင်းတွင် ရေများဝင်ရောက်ခဲ့၍ ပြောင်းရွှေ့ရသော ရေဘေးသင့်အိမ်ထောင်စုများကို ခရိုင်ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ ယနေ့မွန်းလွဲ ၁ နာရီအချိန်တွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်သော ခရိုင်မြို့နယ်သဘာဝဘေးစီမံ ခန့်ခွဲမှုကော်မတီဝင်များနှင့်အတူ ရေဘေးသင့် အိမ်ထောင်စုများထံသို့ သွားရောက်၍ ထောက်ပံ့ငွေများပေးအပ်ခဲ့ကြသည်။
ကျိုက်ဒုံမြို့အတွင်းသို့ ရေများဆက်လက်ဝင်ရောက်လျက်ရှိ
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် ယနေ့ နံနက် ၆ နာရီက မိုးအဆက်မပြတ်ရွာသွန်းပြီး ဟောသရောမြစ်ရေလျှံမှုကြောင့် ရေများပြန်လည်ကျဆင်းမှု မရှိဘဲ မြို့အတွင်းသို့ရေများ ဆက်လက်ဝင်ရောက်လျက်ရှိသည်။
မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကျုံဒိုးမြို့တွင် ဖွင့်လှစ်ထားသည့် ရေဘေးကယ်ဆယ်ရေးစခန်း ထပ်မံပြောင်းရွှေ့ဖွင့်လှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့သည် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြို့ပေါ်နှင့် ကျေးရွာအချို့ ရေဝင်ရောက်လျက်ရှိရာ ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့နံနက် ၉ နာရီအချိန်တွင် ကျုံဒိုးမြို့ ရေဘေးရှောင်စခန်းသို့ သွားရောက်၍ စခန်းပြောင်းရွှေ့ရေးအတွက် ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ပေါက်မြို့နယ်အတွင်း အာဖရိကဝက်အပြင်းဖျားရောဂါ မဖြစ်ပွားစေရန်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
မကွေးတိုင်းဒေသကြီးပေါက်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အာရှနှင့်အိမ်နီးချင်းနိုင်ငံများဖြစ်သည့်တ ရုတ်၊ မွန်ဂိုလီးယား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ မြောက်ကိုရီးယားနှင့် လာအိုနိုင်ငံများတွင် အာဖရိကဝက်အပြင်း ဖျား ရောဂါဖြစ်ပွားကူးစက်မှုများရှိလာ၍ ပေါက်မြို့နယ်အတွင်း၌ အဆိုပါကူးစက်ရောဂါဖြစ်ပွားမှုများရှိလာပါက ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေးဟောပြောပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီဌာန ရွှေပေါက်ပင်ခန်းမ၌ သြဂုတ် ၉ ရက်နံ နက်ပိုင်းက ကျင်းပရာမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများ၊ ကျေးလက်တိရစ္ဆာန်ကျန်းမာရေးလုပ်သားများနှင့် သားသတ်လိုင်စင် လုပ်ကိုင်သူများ တက်ရောက်ခဲ့ကြသည်။
နိုင်ငံခြားသားအမြဲနေထိုင်ခွင့် ကနဦးလျှောက်ထားခြင်းကို ပြည်ပနိုင်ငံများရှိ မြန်မာသံရုံးများတွင်လည်း လျှောက်ထားနိုင်