ဒုတိယဝန်ကြီးခန့်အပ်တာဝန်ပေး
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပါတီစုံဒီမိုကရေစီစနစ်ကို မမှိတ်မသုန်ကာကွယ်သွားမယ်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြည်သူသို့အသိပေးချက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း (၇၄) နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင် အခမ်းအနားနှင့် နိုင်ငံတော်အလံ အလေးပြုပွဲ အခမ်းအနားတက်ရောက်

နေပြည်တော်၊  ၁၂  ဖေဖော်ဝါရီ 

မြိတ်မြို့တွင် အကျဉ်းသား အကျဉ်းသူ (၆၀၂) ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပြု
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ မြိတ်အကျဉ်းထောင်နှင့် ကျောက်ဖြူတောင်ကုန် ထုတ်စခန်းတို့၌ အကျဉ်းကျခံနေရသော အကျဉ်းသား၊ အကျဉ်းသူ (၆၀၂) ဦးကို ဖေဖော်ဝါရီ ၁၂ ရက်တွင် စည်းကမ်း သတ်မှတ်ချက်ထားကာ  ပြစ်ဒဏ်များအပေါ် လျှော့ပေါ့ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးခဲ့ကြောင်း သိရသည်။
ဇမ္ဗူသီရိမြို့နယ် နေပြည်တော်အချုပ်ထောင်၌ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ရရှိသူ အကျဉ်းသား (၅၂) ဦးလွှတ်ပေး
ဇမ္ဗူသီရိမြို့နယ်၊ ဗလသိဒ္ဓိရပ်ကွက်၊ နေပြည်တော်အချုပ်ထောင်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ အမိန့်အမှတ် ၅၈/၂၀၂၁ နှင့် အမိန့်အမှတ် ၅၉/၂၀၂၁ တို့အရ အကျဉ်းသား၊ အကျဉ်းသူများအား ယနေ့ မွန်းလွဲ ၁ နာရီက လွှတ်ပေးခဲ့သည်။