သုတအဘိဓာန် မြန်မာအပင်များ စာအုပ်ထွက်ရှိ

၂၀ ဇွန်

 

အပင်အကြောင်းလေ့လာလိုသူများအတွက် စာရေးသူဝင်းတင်ဝင်း စီစဉ်ရေးသားသည့် သုတအဘိဓာန် မြန်မာအပင်များစာအုပ် ထွက်ရှိလာသည်။

 

66666

 

မိမိတို့၏သဘာဝပတ်ဝန်းကျင်တွင် တစ်စတစ်စနှင့်ပျောက်ကွယ်နေ ကြရသော အပင်ကြီး၊ အပင်ငယ်တို့၏အကြောင်းကိုမြင်တွေ့ကြားသိရ သောအခါ မျိုးဆက်သစ်လူငယ်များအတွက် အထူးစိုးရိမ်ပူပန်ရသောကြောင့်အဆိုပါစာအုပ်ကို ရေးသားထုတ်ဝေခြင်းဖြစ်သည်။ မြန်မာအပင်မျိုးများ ခွဲခြားသိရန်၊ အင်္ဂလိပ်ဘာသာဖြင့် အရပ်အခေါ်အမည်များကိုသိရန်၊ လက်တင်သိပ္ပံအခေါ်နှင့် ယင်းတို့၏အဓိပ္ပာယ်ကိုသိရန်၊ အပင်တစ်ပင်၏ နောက်ခံနှင့် ဆက်နွှယ်နေသောအကြောင်းအရာများကိုသိရန်၊ မိမိတို့၏အပင်အမျိုးမျိုးအကြောင်းကိုသိရှိပြီး သဘာဝပတ်ဝန်းကျင်ကို ခင်တွယ်လာစေရန် ရည်ရွယ်၍ရေးသားထားသည်။

 

ကြေးမုံ စာအုပ်စင်