သတ္တုဖွံ့ဖြိုးရေးဘဏ်လီမိတက် နေပြည်တော် သပြေကုန်းဈေး၌ ဖွင့်လှစ်

နေပြည်တော် ၇ သြဂုတ်  


သတ္တုဖွံ့ဖြိုးရေးဘဏ်လီမိတက် (နေပြည်တော်) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် သပြေကုန်းဈေး၌ ကျင်းပသည်။

 

1

 


အခမ်းအနားတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ နေပြည်တော် ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦး၊ သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်လတ်ကြီး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသည့် ဦးဝင်းသော်နှင့် ဦးအောင်အောင်၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ  ဦးလဖိုင်ခွန်ဆာနှင့် သတ္တုဖွံ့ဖြိုးရေး ဘဏ်လီမိတက် ဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌ ဦးရုံးမူတို့က ဘဏ်အဆောက်အဦကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။


ထို့နောက် သတ္တုဖွံ့ဖြိုးရေးဘဏ်လီမိတက် ဆိုင်းဘုတ်ကို ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ဦးလဖိုင်ခွန်ဆာနှင့် ဦးရုံးမူတို့က စက်ခလုပ်နှိပ်ဖွင့်လှစ်ကြသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် သတ္တုဖွံ့ဖြိုးရေးဘဏ် အဆောက်အဦအတွင်း ဘဏ်လုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုသည်။


(သတင်းစဉ်)