သံတွဲ   ဇူလိုင်   ၂၈

သံတွဲမြို့နယ်တွင် ဇူလိုင် ၂၆ ရက် နံနက်ပိုင်းမှစ၍ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းခဲ့သဖြင့် သံတွဲမြို့ပေါ်ရှိ အနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွာအချို့ ရေနစ်မြုပ်လျက်ရှိရာမှ ဇူလိုင် ၂၈ ရက် နံနက် ၅ နာရီခန့်တွင် ရေများပြန်လည်ကျဆင်းသွားပြီဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် တောင်ကုတ်-သံတွဲ ကားလမ်းမနှင့် မြို့တွင်းလမ်းမများအချို့တွင် ရေကျဆင်းသွားပြီ ဖြစ်သော်လည်း အနိမ့်ပိုင်းရပ်ကွက်များတွင် ရေ(၂)ပေခန့် ကျန်ရှိနေသေးကြောင်း သိရသည်။

ရေကြီးနစ်မြုပ်ခဲ့သည့်အတွက် ဌာနဆိုင်ရာ ရုံးအဆောက်အဦများ၊ လူနေအိမ်များနှင့် ဈေးဆိုင်ခန်းများ ရေလွှမ်းမိုးခြင်းခံရပြီး ဌာနဆိုင်ရာရုံးအချို့ ခြံစည်းရိုးပြိုလဲခြင်း၊ လမ်းဘေးဈေးဆိုင်ခန်းအချို့ ပျက်စီး ခြင်း၊ လမ်းဘေးသစ်ပင်များ ပြိုလဲခြင်းနှင့် လမ်းမကြီးများတွင် ရွှံ့နုန်းများ  တင်ကျန်ခြင်းများရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)