ရန်ကုန် ဇူလိုင် ၅

 

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဇူလိုင် ၃ ရက်တွင် ကျောင်းသား ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များအား မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးသည်။

 

ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ထွေး၏ စီစဉ်ညွှန်ကြားမှုဖြင့် အဖွဲ့ဝင်များက မြေပြင်ကွင်းဆင်း ဆောင်ရွက်ပြီး မြို့နယ်ဦးစီးမှူးက နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များအား ကျောင်းအုပ်ဆရာမကြီးထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)