သက်တမ်းလွန် မုန့်များ၊ အသားငါး၊ အစားအသောက်များနှင့် ဆေးဝါးများရောင်းချခြင်း မရှိစေရေး ကွင်းဆင်း စစ်ဆေး

ပန်းတနော်  ၁၉  ဒီဇင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ ဦးဆောင်၍  ပန်းတနော် မြို့မဈေးအတွင်း ဈေးဆိုင်များတွင် သက်တမ်းလွန်မုန့်များ၊ အသားငါး၊ အစားအသောက် များနှင့် ဆေးဝါးများ  ရောင်းချခြင်း မရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း၊ ပညာပေးခြင်းကို ဒီဇင်ဘာ ၁၉ ရက် နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

         

ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင်စားသုံးသူရေးရာ ဉီးစီးဌာန ခရိုင်ဉီးစီးမှုး ဉီးဇော်မင်းနှင့် ဝန်ထမ်းများ၊ မြို့နယ် စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဉီးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ တိုင်းရင်းဆေးကုဌာနနှင့် ပူးပေါင်းပြီး သက်တမ်းလွန် မုန့်များနှင့် အသားငါး၊ အစားအသောက်များ၊ တိုင်းရင်းဆေးဝါး မှတ်ပုံတင်ထားခြင်း မရှိသောဆေးဝါးများ၊ အန္တရာယ်ရှိဆေးဝါးများနှင့် သက်တမ်းလွန်ဆေးဝါးများ  ဆက်လက် ရောင်းချခြင်း မရှိစေရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည် ။

 

ပြည့်ဖြိုးကျော်(ပန်းတနော်)