သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် အလှူငွေပေးအပ်ပွဲ ကျင်းပမည်

ရန်ကုန် ၁၈ ဒီဇင်ဘာ

 

မြန်မာနိုင်ငံ စာရေးဆရာအသင်းက နှစ်စဉ်ကျင်းပမြဲဖြစ်သော ၁၃၈၁ ခုနှစ် မြန်မာနိုင်ငံစာဆိုတော်နေ့ အထိမ်းအမှတ် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် စေတနာရှင်များက အလှူငွေများ လှူဒါန်းလျက်ရှိပြီး အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၅ ရက် မွန်းလွဲ နာရီတွင် အသင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပမည်ဖြစ်သည်။

 

သို့ပါ၍ အလှူငွေဖြစ်စေ၊ အလှူပစ္စည်းဖြစ်စေ လှူဒါန်းလိုပါက မြန်မာနိုင်ငံစာရေး ဆရာအသင်း၊ အမှတ် (၁၇၃/၁၇၅) ပန်းဆိုးတန်းလမ်း (အလယ်) ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၃၈၅၂၇၃၊ ၀၁-၂၅၂၄၁၇ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။ 

 

သတင်းစဉ်