သက်ကြီးဘိုးဘွားများ ကျန်းမာရေးစောင့်ရှောက်မှုနှင့် (၃၂၉) ပတ်မြောက် ကုသိုလ်ဖြစ်လှူဒါန်း

ဒေါပုံ  ၁၉  ဒီဇင်ဘာ  

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်၊ ယမုံနာ(၂)ရပ်ကွက် သက်ကြီး ဘိုးဘွားများ ကျန်းမာရေးစောင့်ရှောက်မှုနှင့် (၃၂၉) ပတ်မြောက်အား မာဃဆွမ်းလောင်း ဓမ္မာရုံ ကြီး၌ယနေ့ (၈) နာရီတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

သက်ကြီး ဘိုးဘွား (၅၃) ဦးအား အာဟာရအဖြစ် နံနက်စာ ကြက်သားနို့စိမ်းခေါက်ဆွဲကို လှူဒါန်းကျွေးမွေးပြီး၊ အာဟာရအလှူအဖြစ် ခေါက်ဆွဲခြောက်ထုပ်များ၊ ကွေကာအုပ်များ လှူဒါန်းပေးပြီး ဒေါက်တာခင်ဝင်းကြူမှ ကျန်းမာရေးစစ်ဆေးခြင်းနှင့် တစ်ပတ်စာ ဆေးဝါးများကို လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ သက်ကြီးဘိုးဘွားများ ကျန်းမာရေးစောင့်ရှောက်မှုနှင့် (၃၂၉) ပတ်မြောက် ကုသိုလ်ဖြစ် လှူဒါန်းခြင်းကို အလှူရှင်များအားလုံးမှ စုပေါင်း၍ အပတ်စဉ် ကြာသပတေးနေ့ တိုင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

သဲစုစုလွင်