ညောင်ဦး၊ ၁၃ ဒီဇင်ဘာ

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ကျေက်ဆစ်ကန်ကျေးရွာတွင် စက်ရေတွင်း ချွတ်ယွင်းပျက်စီးသွားသဖြင့် ကျေးရွာဘုန်းတော်ကြီးကျောင်းရှိ ကျောင်းထိုင်ဆရာတော်နှင့် ကျောင်းသားများ သောက်သုံးရေ အခက်အခဲမဖြစ်စေရေးအတွက် ဒီဇင်ဘာ ၁၃ ရက် နံနက်ပိုင်းက ညောင်ဦးခရိုင် မီးသတ်ဦးစီးဌာနက ဌာနပိုင်ရေသယ်ယာဉ်ဖြင့် သောက်သုံးရေများ သွားရောက်လှူဒါန်ပေးခဲ့ကြောင်း သိရသည်။

 

ညောင်ဦးခရိုင် မီးသတ်ဦးစီးဌာနအနေဖြင့် ယခုလို ပွင့်လင်းရာသီကာလများတွင် မြို့နယ်အတွင်းရှိ သောက်သုံးရေရှားပါးမှု အခက်အခဲကြုံတွေ့နေသည့် ကျေးရွာဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် ကျေးလက်နေပြည်သူများကို သောက်သုံးရေဖူလုံစေရန်အတွက် ဌာနပိုင်ရေသယ်ယာဉ်ဖြင့် သောက်သုံးရေများ ဖြန့်ဝေလှူဒါန်းပေးလျက်ရှိသည့်အပြင် ပြည်သူများ သဘာဝဘေးအန္တရာယ်နှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ယနေ့နံနက်ပိုင်းက ညောင်ဦးမြို့နယ် ကျောက်ဆစ်ကန်ကျေးရွာတွင် စက်ရေတွင်း ချွတ်ယွင်းပျက်စီးသွားသဖြင့် ကျေးရွာဘုန်းတော်ကြီးကျောင်းရှိ ကျောင်းထိုင်ဆရာတော်နှင့် ကျောင်းသားများ သောက်သုံးရေ အခက်အခဲမဖြစ်စေရေးအတွက် ညောင်ဦးခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင်၏ လမ်းညွှန်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ဌာနပိုင်ရေသယ်ယာဉ်ဖြင့် ရေဂါလန် ၃၂၀၀ အား ဘုန်းတော်ကြီးကျောင်းရှိ ရေလှောင်ကန်အတွင်း စနစ်တကျ ဖြည့်တင်းလှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။ 

 

ရဲဝင်းနိုင် (ညောင်ဦး)

 

mdn