သဲကုန်းမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်ခဲ့သော အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်

သဲကုန်း ၊ ၉  ဇွန် 

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်အတွင်း မေလ(၃၀)ရက်က လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်အိမ်(၁)လုံး၊ ဇွန်(၄)ရက်က လေပြင်းတိုက်ခတ်မှုကြောင့် အင်းမမြို့မှ ပြိုလဲနေအိမ်(၃)လုံးနှင့် အမိုးလန်နေအိမ်(၁၇)လုံးတို့အတွက် ထောက်ပံ့ငွေနှင့် ပစ္စည်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာနဦးစီးမှူးရုံးမှ ဝန်ထမ်းများက ယမန်နေ့က သဲကုန်းမြို့နယ် အင်းမ​မြို့ရှိ လေဘေးသင့်ပြည်သူများထံသွား​ရောက် ထောက်ပံ့ ပေးအပ်ခဲ့သည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲနေအိမ်(၃)လုံးအတွက် ကယ်ဆယ်​ရေး ပစ္စည်း(၁၆)မျိုး(၃)စုစာ၊အိမ်ဆောက်ပစ္စည်းဘိုး (၃)သိန်း၊ အမိုးလန်နေအိမ်(၁၈)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် ၅၅၀၀၀၀၊ လူ(၇၀)အတွက် ဆန်ဖိုးငွေကျပ် ၁၄၇၀၀ဝ  တို့အား ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်​ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ချို၊အင်းမ​မြို့အုပ်ချုပ်ရေးမှူးတို့မှ ပြည်သူတို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

နိုင်လင်း(သဲကုန်းပြန်/ဆက်)

mdn